Y50 Pearl White

Product ID: vivo1935
Ks 319,800
Ks 349,800

Android OS - Andriod 10 (Funtouch OS 10)                                         Processor - Qualcomm Snapdragon 665 Dimensions - 162.04x76.46x9.11mm                                                    Memory -8GB RAM + 128GB ROM Screen - 6.53-inch FHD+ iView Display Camera Front - 16MP(Face Beauty & Super Night Selfie)                                                                     Rear Camera - 13MP + 8MP(wide-angle) + 2MP(Macro) + 2MP(Bokeh)                                                   Battery - 5000 mAh(TYP) Weight - 197g Connectivity - 2G GSM :B2/3/5/8, 3G WCDMA : B1/5/8 4G FDD-LTE : B1/3/5/7/8, 4G TDD-LTE : B38/40/41 SIM Slot Type Single Sim of Dual SIM/ Standy Mode / SIM Slot                                                     Color - Starry Black, Pearl White

Checking stock...


iView Display စွဲမက်ဖွယ်ရာ မြင်ကွင်း
6.53 လက်မအရွယ်ရှိတဲ့ iView Display က အရှေ့ကင်မရာကို သေးငယ်စေပြီး စိတ်လှုပ်ရှားစရာ မြင်ကွင်းရရှိအောင် ပိုမို ချဲ့ထွင်ပေးပါတယ်။ 90.77% screen-to-body ratio ရှိပြီး မက်မောစရာ 19.5:9 aspect ratio နဲ့ ပြုလုပ်ထားတဲ့အပြင် 2340x1080 FHD+ resolution ရှိပါတယ်။ ပြီးပြည့်စုံခြင်းဆိုတဲ့ ခြေလှမ်းတစ်လှမ်းကို တက်လှမ်းနိုင်ဖို့ အက်ပလီကေးရှင်းတွေရဲ့ interface တွေကို သီးသန့် ဖန်တီးထားတော့ ပိုမို ချောမွေ့တဲ့ မျက်နှာပြင် အသုံးပြုမှုအတွေ့အကြုံကို ရရှိပြီပေါ့။ Y50 က သင့်ကို စွဲမက်ဖွယ်ရာ မြင်ကွင်းတွေကို ပေးစွမ်းနိုင်မယ်ဆိုတာ အာမခံပါတယ်။

ညို့ယူဖမ်းစားလွန်းတဲ့ 3D Colors
အနုပညာမြောက် လှပတင့်တယ်မှု
Y50 ရဲ့ ကိုယ်ထည်ကို ကျက်သရေရှိ လှပစေဖို့ အသေးစိတ်ကအစ ဖန်တီးပုံဖော်ထားပါတယ်။ နူးညံ့သိမ်မွေ့တဲ့ 3D အချိုးလေးတွေကို သေချာစွာ ဒီဇိုင်းရေးဆွဲထားပြီး ဘေးအနားဘောင်တွေကို ရှားပါးလွန်းတဲ့ ချောချောမွေ့မွေ့လိုင်းလေးတွေရအောင် ပုံဖော်ထားပါတယ်။ ရေတံခွန်လို စီးဆင်းနေတဲ့ အလင်းရောင်အကွက်လေးတွေက ချောမွေ့တဲ့ အလွှာလေးတွေအဖြစ် တည်ရှိနေပြီး ကျက်သရေရှိ လှပတဲ့ Pearl White အရောင်နဲ့ ခမ်းနားကြီးကျယ်တဲ့ Starry Black အရောင် ၂ ရောင်လုံးက အထက်တန်းကျကျ အနုပညာဆန်တဲ့ အလှကို ပေးစွမ်းပေးပါတယ်။

8GB RAM +128GB ROM
Multitasking ဆိုတာ octa-core Snapdragon 665 processor နဲ့ 8GB RAM တပ်ဆင်ထားတဲ့ Y50 အတွက်တော့ လေပြည်လေညင်းသဖွယ် အေးဆေးလွယ်ကူလွန်းလှပါတယ်။ ပေါင်းစပ်တီထွင်မှုကြောင့် နောက်မကျတဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်ပြီး 128GB သိုလှောင်ထားနိုင်စွမ်းက သင်ကြိုက်နှစ်သက်တဲ့ ဓာတ်ပုံ၊ videos တွေနဲ့ အမှတ်တရအချိန်တွေအားလုံး သိမ်းဆည်းထားပေးမှာဆိုတော့ တစ်ခုသိမ်းဖို့ အခြားတစ်ခုကို ဖျက်ရတာတွေ မရှိတော့ဘူးပေါ့။ Y50 နဲ့ဆို သင့်ရဲ့ အမှတ်တရတွေအားလုံး တစ်နေရာတည်းမှာ သိမ်းဆည်းနိုင်ပါပြီ။

Multi-Turbo 3.0
Multi-Turbo 3.0 ကို စမတ်ဖုန်းနယ်ပယ်ရဲ့ ပထမတန်းစား VPG (vivo Process Guardian) နည်းပညာကို အသုံးပြု အဆင့်မြှင့်တင်ထားပြီး အရှိန်မြှင့်မြှင့် အထစ်အငေါ့မရှိ အသုံးပြုနိုင်ဖို့ အဓိက စနစ်ထိန်းချုပ်မှုအတွက် Center Turbo နဲ့ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးနိုင်မှုကို ချမှတ်နိုင်ရန် AI Turbo တို့ တပ်ဆင်ထားပါတယ်။ သူက အခြားပြင်ပ အက်ပလီကေးရှင်းတွေကြောင့် ပေါ်ပေါက်လာနိုင်တဲ့ စနစ်မမှန်ကန်မှုကို ခန့်မှန်းပြီး မပေါ်ပေါက်ခင် ကြိုတင် ကာကွယ်ပေးပါတယ်။ တိကျတဲ့ စနစ် ပုံစံမမှန်မှုတွေအတွက် 75% ကောင်းမွန်စွာ ပြန်လည်လုပ်ဆောင်ပေးပြီး တိကျတဲ့ ပြင်ပ အက်ပလီကေးရှင်းတွေအတွက် ပွတ်တိုက်မှုတွေကို 80% လျော့ကျစေပါတယ်။
AI Turbo က intelligent scheduling က တစ်ဆင့် ပိုမို မြန်တဲ့ အရှိန်နှုန်းကို ရရှိစေပါတယ်။ သူက အက်ပလီကေးရှင်းလုပ်ဆောင်မှု နည်းဗျူဟာကို ခန့်မှန်းပေးပြီး AI pre-loading အသုံးပြုကာ သင်သုံးစွဲထားတဲ့ ပြင်ပ အက်ပလီကေးရှင်းတွေကို 20% မြန်ဆန်စေဖို့ လုပ်ဆောင်ပေးပါတယ်။

*ဖော်ပြပါ ဒေတာများသည် နည်းပညာတူ ကုမ္ပဏီများမှ ထောက်ပံ့ထားခြင်းမရှိသည့် အလားတူဖုန်းများနှင့် နှိုင်းယှဉ်ထားသည့် ရလဒ်သာ ဖြစ်သည်။
*ပြင်ပအက်ပလီကေးရှင်းများ မြှင့်တင်ပြောင်းလဲမှုများ ပြုလုပ်ပါက ရလဒ်အပြောင်းအလဲ ဖြစ်နိုင်သည်။

Ultra Game Mode
ထပ်မံ အဆင့်မြှင့်တင်ထားတဲ့ Ultra Game Mode က Fast Screen Capture နဲ့ Screen Recording စတဲ့ ပျော်ရွှင်စရာကောင်းတဲ့ features တွေကို ပိုမို လုပ်ဆောင်နိုင်ဖို့ ဆောင်ရွက်ပေးပါတယ်။ Game Vibration ၊ Voice Changer နဲ့ Killer Countdown စတဲ့ သင့်အကြိုက် features တွေကိုလည်း အဆင့်မြှင့်တင်ထားပါသေးတယ်။

Super Wide-Angle Quad Camera
ပိုမို ပြတ်သား ကျယ်ပြန့်သော ပုံရိပ်များဆီသို့
ပုံရိပ်အသစ်တွေဆီကို ကင်မရာလေးလုံးကို သင့်ရဲ့လက်ချောင်းလေးတွေနဲ့ ထိတွေ့ပြီးအရယူလိုက်ပါ။
13MP ပင်မကင်မရာက အမြင့်ဆုံး ကြည်လင်ပြတ်သားမှုကို ပေးစွမ်းနိုင်ရန် လုပ်ဆောင်ပေးပါတယ်။
8MP အထူးမြင်ကွင်းကျယ်ကင်မရာ ထောင့်ဖြတ်အတိုင်း 120-degree မြင်ကွင်းကို ရရှိဖို့ လုပ်ဆောင်ပေးတော့ သင့်အနေနဲ့ ပိုမိုကျယ်ပြန့်တဲ့ ရှုခင်းပုံတွေနဲ့ လူအများကြီးကို စိတ်ကြိုက် ရိုက်ကူးနိုင်ပြီပေါ့။
2MP Macro က မနက်ခင်း ရေစက်ပေါက်ကလေးကနေ ပျားရည်တွေအပြည့် စိုရွှဲနေတဲ့ ပျားအုံအထိ လှပတဲ့ ကမ္ဘာကြီးကို အနီးကပ် ရှုစားစေနိုင်ဖို့ ကူညီပေးပါတယ်။
2MP Bokeh ကင်မရာက နောက်ခံ background နဲ့ အရာဝတ္ထုကို ခွဲထွက်ပြီး portrait ဖြစ်ဖို့ လုပ်ဆောင်ပေးတယ်ဆိုတော့ လှပတဲ့ သင့်ကို ပြတ်ပြတ်သားသား မြင်ရပြီပေါ့။

* အထူးမြင်ကွင်းကျယ်ကင်မရာ က အတားအဆီးများကို ဖယ်ရှားလျှင် 108-degree အထိ ကောင်းမွန်စွာ ရိုက်ကူးနိုင်သည်။

Super Night Camera ပိုမို တောက်ပ ပြတ်သားမှုဆီသို့
အထူး စွမ်းဆောင်ရည်မြင့် Super Night algorithm က ညအမှောင်မှာ ရိုက်ကူးလိုက်တဲ့အခါ noise တွေနဲ့ အစက်အပြောက်တွေကို အလိုအလျောက် ဖယ်ရှားပေးပါတယ်။ ပိုမိုတောက်ပပြီး ကြည်လင်ပြတ်သားတဲ့ ရလဒ်ကို ရရှိစေမှာ ဖြစ်ပြီး အရိပ်ကျတဲ့ အလွှာတွေကို ကွဲကွဲပြားပြား မြင်တွေ့ရစေမှာပါ။ သူက အရှေ့ကင်မရာအပြင် အနောက်ကင်မရာပါ ထောက်ပံ့ပေးနိုင်တော့ ညနေခင်းတွေမှာ ပြတ်သားတဲ့ ပုံရိပ်တွေကို ရိုက်ယူနိုင်တော့မည်သာမက မှော်ဆန်တဲ့ အလှတရားတွေကို တွေ့မြင်နိုင်ပြီပေါ့။

Ultra Stable Video
မိုဘိုင်းလ် videos တွေကို ရုပ်ရှင်ပိတ်ကားတွေနဲ့အပြိုင် တည်ငြိမ်ပြတ်သားစွာ ကြည့်ရှုလိုက်ပါ။ သင်တို့ video တွေရိုက်တဲ့အခါ သဘာဝအလျောက် ဖြစ်လာတဲ့ လက်တုန်မှုတွေကို စမတ်ဖုန်းနယ်ပယ်ရဲ့ ထိပ်တန်း stabilization algorithm နဲ့ ရွေ့လျားမှု ဆင်ဆာတို့က မီလီမီတာအထိ တိတိကျကျ တည်ငြိမ်မှုပေးနိုင်ပါတယ်။

16MP အရှေ့ကင်မရာ၊ ပုံကျလှပတဲ့ Selfies ပုံရိပ်
Face Beauty ပါဝင်တဲ့ 16MP အရှေ့ကင်မရာက သင့်ရဲ့ လှပတဲ့ ဘဝအချိန်တွေကို အားစိုက်ထုတ်စရာမလိုဘဲ ဖန်တီးနိုင်မှာပါ။

5000mAh Battery
သီချင်းတွေ၊ TV ဒရာမာတွေနဲ့ စိတ်လှုပ်ရှားစရာ ဂိမ်းတွေမှာ စီးမျောခံစားလိုက်ပါ။ Y50 မှာပါဝင်တဲ့ 5,000mAh ဘက်ထရီ က သင်နဲ့အတူ တစ်နေတာလုံး ရှိနေမှာပါ။ ဒါ့အပြင် ခရီးသွားနေတဲ့ အချိန်တွေမှာ သင့်ရဲ့ ဘက်ထရီအတွက် စိုးရိမ်စရာမလိုတော့ပါဘူး။ ဒီအရာက သင်တောက်လျှောက် တောင့်တာလာတဲ့ အရာပဲမလား။

Funtouch OS 10
brand-new OS ရောက်ရှိလာပါပြီ။ Funtouch OS 10 က USB cable သွင်းလိုက်ချိန်၊ screen အဖွင့်အပိတ် လုပ်ချိန်တို့မှာ ပတ်ဝန်းကျင်အလင်းနဲ့ ထင်ရှားတဲ့ animations တွေကို ပေးစွမ်းနိုင်ပါတယ်။ သင့်အနေနဲ့ ပိုမို ဂရုစိုက် ထိတွေ့မှု မိုဘိုင်းလ် အသုံးပြုမှု အတွေ့အကြုံကို ခံစားရစေမှာပါ။
Jovi Smart Scene က သင့်ရဲ့ အသက်အရွယ်၊ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး ရေဓာတ်ပြည့်ဝစေဖို့ ရေအမြဲသောက်ဖို့ သတိပေးနေမှာပါ။ အားကစား စီစဉ်မှု အချက်ပြ tools တွေကလည်း သင့်ရဲ့ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး လမ်းလျှောက်ဖို့၊ တောင်တက်ဖို့တွေ သတိပေးနေမှာဖြစ်ပြီး လုပ်ဆောင်ချက်တွေကို အမြဲ မှတ်တမ်းတင်နေမှာပါ။

Android OS - Andriod 10 (Funtouch OS 10)                                        
Processor - Qualcomm Snapdragon 665
Dimensions - 162.04x76.46x9.11mm                                                   
Memory -8GB RAM + 128GB ROM
Screen - 6.53-inch FHD+ iView Display
Camera Front - 16MP(Face Beauty & Super Night Selfie)                                                                    
Rear Camera - 13MP + 8MP(wide-angle) + 2MP(Macro) + 2MP(Bokeh)                                                  
Battery - 5000 mAh(TYP)
Weight - 197g
Connectivity - 2G GSM :B2/3/5/8, 3G WCDMA : B1/5/8

4G FDD-LTE : B1/3/5/7/8, 4G TDD-LTE : B38/40/41

SIM Slot Type Single Sim of Dual SIM/ Standy Mode / SIM Slot                                                    
Color - Starry Black, Pearl White

You may also like

Recently viewed

© 2021 Mogozay Marketplace