Y20(3GB+64GB)

Y20(3GB+64GB) White

Product ID: vivoV2027
Ks 249,800
Ks 229,800

Android OS -Funtouch OS 10 (Based on Android 10.5) Processor - Qualcomm Snapdragon 460(11nm) Octa-core 1.8GHZ Screen - 6.51ches (Halo FullView Display) Memory - 3GB RAM + 64GB ROM Camera Front - 8MP Rear Camera - 13MP + 2MP + 2MP Battery - 5000mAh Network - 4G/3G Weight - 186.7g Color - Dawn White, Obsidian Black

Checking stock...
  • Android OS -Funtouch OS 10 (Based on Android 10.5)
  • Processor - Qualcomm Snapdragon 460(11nm) Octa-core 1.8GHZ
  • Screen - 6.51ches (Halo FullView Display)
  • Memory - 3GB RAM + 64GB ROM
  • Camera Front - 8MP
  • Rear Camera - 13MP + 2MP + 2MP
  • Battery - 5000mAh
  • Network - 4G/3G
  • Weight - 186.7g
  • Color - Dawn White, Obsidian Black

မျက်လုံးကာကွယ်မှုစနစ်နဲ့ ၆.၅၁ လက်မအရွယ် Halo FullView Display

၆.၅၁ လက်မအရွယ် Halo FullView Display သည် မျက်နှာပြင်ကျယ်အချိုး ၂၀: ၉ နှင့် HD + (၁၆၀၀ x ၇၂၀) resolution ဖြင့် ဖန်တီးထားသည်။ မြင်ကွင်းသည် ယခင်ကထက် ပိုမိုကြီးမား၊ ပိုမိုစွဲမက်ဖွယ်ရာဖြစ်ပြီး နောက်ဆုံးပေါ် In-Cell နည်းပညာနှင့်အတူ မျက်နှာပြင်သည် ပို၍ အရောင်တောက်ပသည်။ ခရစ်စတယ်(crystal) လို ကြည်လင်မှုမျိုးနဲ့ အသေးစိတ်ကျကျ ပုံဖော်ထားခြင်းသည် ဂိမ်းနှင့်ဗီဒီယိုများအတွက် စံပြတစ်ခုလိုကို ဖြစ်နေသည်။ ထည့်သွင်းဖန်တီးထားသော Eye Protection Mode သည်အန္တရာယ်ရှိသော အပြာရောင်အလင်းကို တစ်နေ့တာလုံးကာကွယ်ရန်အတွက် စစ်ထုတ်ပေးသည်။

လင်းလက်လက်အရောင်များ

ပြီးပြည့်စုံအောင် ပြင်ဆင်ထားတဲ့ 2.5D ကိုယ်ထည်သည် ပေါ့ပါးလှပလွန်းပြီး လက်ထဲမှာကိုင်ရတဲ့အခါလည်း ကွက်တိဖြစ်နေတဲ့ အတွေ့အကြုံကို ခံစားရစေမှာပါ။ မျက်လုံးထဲ ထင်းခနဲလင်းခနဲ ဖြစ်သွားအောင် ထင်သာတဲ့ အရောင်သစ်တွေက ထူးခြားချက်တွေထဲက တစ်ခုပါပဲ။Obsidian Black: လှပကြော့ရှင်းတဲ့ မီးတောင်ဖန်သားကဲ့သို့ ဖန်တီးထားတဲ့ ဒီအရောင်ဟာ ခမ်းနားပြီး ရှုပ်ထွေးစွာပုံဖော်ထားတဲ့ ကျောက်မျက်ရတနာတစ်ခုလို သပ်ရပ်စွာ လှပလို့နေပါတယ်။ Dawn White: နူးညံ့တဲ့ နံနက်ခင်း မိုးကုပ်စက်ဝိုင်းတွေလို သက်ဝင်လှပနေတဲ့ ဒီအရောင်ဟာ သင့်ကို နေ့စဉ်နေ့တိုင်း ကမ္ဘာကြီးကို ထိန်လင်းစေတဲ့ အလင်းဖြာထွက်ခြင်းလိုပါပဲ။

ဘေးဘက်လက်ဗွေစနစ်

ဘေးဘက်လက်ဗွေစနစ်နဲ့ စက္ကန့် ဝ.၂၂ အတွင်း သင့်ဖုန်းကို ဖွင့်လိုက်ပါ။ ဒီ ဒီဇိုင်းအသစ်က သင့်ရဲ့ တစ်နေ့တာဖုန်းအသုံးပြုမှုအတွက် အံဝင်ဂွင်ကျ ဖြစ်စေမှာပါ။ ဒီတော့ ချက်ချင်းလက်ငင်း အမြန်ဆုံး ဖုန်းဖွင့်လို့ရတာပေါ့။ ဒါ့အပြင် Face Wake နည်းပညာဟာ သင့်ဖုန်းကို ဖွင့်ဖို့ စက္ကန့်ဝက်လောက်သာ ကြာမှာ ဖြစ်ပါတယ်။ *မော်ဒယ်အားလုံးသည် Side Fingerprint နှင့် Face Access ကို ထောက်ပံ့ပေးပါသည်။ *ဝ.၂၂ စက္ကန့်သည် ဘေးဘက်လက်ဗွေစနစ်နဲ့ ဖွင့်ရတဲ့အချိန်ဖြစ်ပြီး မျက်နှာပြင်ဖွင့်ချိန် ဝ.၂၂စက္ကန့်နှင့် မျက်နှာပြင်ပိတ်ချိန် ဝ.၃၇ စက္ကန့် ဖြစ်သည်။ အမှန်တကယ်စွမ်းဆောင်ရည်သည် အမှန်တကယ် ပတ်ဝန်းကျင်ပေါ် မူတည်၍ ကွဲပြားနိုင်သည်။

Qualcomm Snapdragon Processor + 64GB ROM

Qualcomm Snapdragon processor နဲ့ 64GB သိုလှောင်နိုင်မှုနဲ့ဆို Y20 က application တွေကို သင် စိတ်ရှိသလောက် သိမ်းဆည်းထားနိုင်မှာပါ။ Triple card slot ကလည်း မန်မိုရီကို 256GB အထိ သိုလှောင်နိုင်တော့ သင်ကြိုက်တဲ့ သီချင်းတွေ၊ ရုပ်ရှင်တွေ၊ ဓာတ်ပုံတွေကို သိမ်းဆည်းထားနိုင်တာပေါ့။ *256GB အထိ မန်မိုရီထပ်တိုးသိုလှောင်နိုင်မှုကို ထောက်ပံ့ပေးနိုင်ပါသည်။ Micro SD ကဒ်ကို သီးခြားဝယ်ယူရန်လိုသည်။

AI Triple Macro Camera

Y20 ရဲ့ AI Triple Macro Camera ကို Face Beauty, Pose Master နှင့် Selfie Filter များအပါအဝင် feature အများအပြားနဲ့ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် မျက်လုံးရှေ့မှာ မြင်သမျှအရာလေးတွေကို master shots များအဖြစ် ပြောင်းလဲရိုက်ကူးနိုင်မှာပါ။ အဓိက 13MP အနောက်ကင်မရာ၊ f/2.2 large aperture နှင့် PDAF နည်းပညာတွေနဲ့ဆိုတော့ အသေးစိတ်တိုင်းက တောက်ပနေတော့မှာ အမှန်ပေါ့။

Bokeh ကင်မရာ

2MP Bokeh ကင်မရာဟာ တိကျမှန်ကန်ပြီး သေသပ်တဲ့ရလဒ်ကို ရရှိစေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ Bokeh algorithm အသစ်ကို ကျေးဇူးတင်ကြရရုံသာ။ အခုဆို portrait ပုံတွေဟာ ပိုမိုအသက်ဝင်လာကာ မဂ္ဂဇင်းမျက်နှာဖုံးများလို နက်ရှိုင်းစွာ ဝင့်ကြွားလှပနေမှာ အသေအချာပါပဲ။

Super Macro

ကင်မရာ ၄ စင်တီမီတာလောက် အနီးကပ်ဆွဲပြီး သင့်မျက်လုံးရှေ့က ကျောက်မျက်ရတနာတွေနဲ့ ပြည့်နှက်နေတဲ့ သေးမှုန်ပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ ကမ္ဘာကြီးကို ဖွေရှာလိုက်ပါ။

Multi-Turbo 3.0

ကျွန်ုပ်တို့၏ သီးသန့် Multi-Turbo 3.0 ဟာ စနစ်၏ အခြေခံအဆင့်တွင် လုပ်ဆောင်ပေးတဲ့ Center Turbo နှင့် စနစ်မမှန်မှုများ (မကြာခဏ တတိယပါတီအက်ပလီကေးရှင်းများကြောင့် ဖြစ်တတ်တဲ့) ကို မဖြစ်ခင်ထဲက ကြိုတင်ခန့်မှန်းပေးခြင်း၊ ဖြေရှင်းခြင်းများကို ဆောင်ရွက်ပေးတဲ့ AI Turbo တို့ ပါဝင်ပါတယ်။ ပိုကောင်းသော ကွန်ယက်စွမ်းဆောင်ရည်မှသည် လျင်မြန်စွာအအေးခံခြင်း၊ AI လုပ်ဆောင်မှုများ၊ ဂိမ်းကစားခြင်းနှင့် အသုံးပြုသူအတွေအ့ကြုံတွေအထိ စတဲ့စတဲ့ အရာတွေက အရင်ကထက်ကို ပိုမိုစိတ်လှုပ်ရှားစရာကောင်းလှပါတယ်။ *FOS 10.5 ရှိသည့် မော်ဒယ်တိုင်းတွင် Center Turbo နှင့် AI Turbo ကို ထောက်ပံ့ပေးနိုင်ပါသည်။

Ultra Game Mode

Ultra Game Mode ဟာ နေ့စဉ်ဂိမ်းဆော့တာထက် ပိုပြီး pro ဆန်တဲ့ ပြင်းထန်မှုမျိုးနဲ့ Esports Mode ကို တွေ့ကြုံခံစားရစေမှာ ဖြစ်ပါတယ်။ 4D Game Vibration 2.0 က သင့်ကို နစ်ဝင်စီးမျောနေစေမယ့် တကယ့်စစ်မြေပြင်တွေထဲကို ခေါ်ဆောင်သွားမှာပါ။ ဒါကတော့ pop-up window optimization ကို ကျေးဇူးတင်ရမှာပါပဲ။ ဘာလို့လဲဆိုတော့ သင် အနိုင်ရရှိဖို့အတွက် အပြည့်အဝအာရုံစိုက်နိုင်စေရန် စိတ်အနှောက်အယှက်ဖြစ်စေမယ့် သတိပေးချက်တွေ၊ ဖုန်းအဝင်ခေါ်ဆိုမှုတွေကို ဖယ်ရှားပေးလို့ပဲ ဖြစ်ပါတယ်။ ဘေးတိုက်တရွေ့ရွေ့သွားနေတဲ့ sidebar ကို တစ်ချက်ထိလိုက်ရုံနဲ့ အသစ်ထည့်သွင်းထားတဲ့ Game Album နှင့် Screen Recording လုပ်ဆောင်ချက်ကို စတင်အသက်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင်ဖမ်းယူမှုများနှင့် အသံသွင်းမှုများအားလုံးကို သက်ဆိုင်ရာ Game Album ထဲမှာ အလိုအလျောက် သိမ်းဆည်းထားနိုင်မှာလည်း ဖြစ်ပါတယ်။ Smart Game Countdown လုပ်ဆောင်ချက်သည် သင်၏ avatar သည် အသက်မဝင်ခင် ကျန်ရှိသောအချိန်ကိုစောင့်ကြည့်ပေးပြီး သင့်ဂိမ်းကို စစ်ဆေးစောင့်ကြည့်ပေးထားခြင်း - လူမှုမီဒီယာအသစ်ပြောင်းခြင်းများနှင့် အခြားသော အရာတွေလည်း လုပ်ဆောင်ပေးပါတယ်။ Floating window တစ်ခုက countdown ကိုပြသပြီး တစ်ခါရပ်လိုက်ပြီး တစ်ချက်ပြန်ထိလိုက်တာနဲ့ ဂိမ်းကမ္ဘာထဲကို ပြန်လည်ရောက်ရှိသွားစေမှာ ဖြစ်ပါတယ်။ *FOS 10.5 ရှိသော မော်ဒယ်အားလုံးတွင် ရနိုင်သည်။

Dynamic Effects

Settings ထဲက feature အသစ်ဟာ screen animations တွေကို စိတ်ကြိုက် ရွေးချယ်ပြုလုပ်နိုင်မှာပါ။ ဖုန်းဖွင့်တဲ့အခါ၊ မျက်နှာဖြင့် ဖုန်းဖွင့်အတည်ပြုတဲ့အခါနှင့် အခြားအပြန်အလှန်ဆက်သွယ်မှုတွေလုပ်တဲ့အခါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

EasyShare၊ သင့်ရဲ့ ဒေတာဖုန်း

ဖုန်းအသစ်တစ်လုံးဝယ်တဲ့အခါ ဒေတာဖိုင်တွေ ပြောင်းရွှေ့ရတာ ခက်ခဲတဲ့ ကိစ္စမျိုးတွေနဲ့ စိတ်ညစ်မခံပါနဲ့တော့။ EasyShare ကတော့ တစ်ချက်လေးနှိပ်လိုက်ရုံနဲ့ သင့်ဖုန်းအဟောင်းထဲက ဒေတာတွေကို Y20 ဖုန်းအသစ်ထဲကို လွယ်ကူရိုးရှင်းစွာ ကူးယူနိုင်မှာပါ။ ပြောင်းလဲချိန်တန်ပြီလေ။

iManager၊ သင့်ရဲ့ မိုဘိုင်းဖုန်းအကူ

အာရုံတစိုက်လုပ်ဆောင်ပေးသော iManager သည် vivo အသုံးပြုသူများကို ပျင်းစရာကောင်းသော နေ့စဉ်အလုပ်များမှ ပိုမိုသက်သာစေသည်။ သင်၏ဖုန်းကို သန့်ရှင်းရေးလုပ်ခြင်း (သို့မဟုတ်) ညအချိန်မှာ ကိစ္စရပ်များကို စစ်ဆေးဖြေရှင်းခြင်း စသည့်လုပ်ငန်းများကို ဂရုစိုက်ပေးနိုင်ရန် ထည့်သွင်းထားခြင်း ဖြစ်သည်။ ညဘက် အိပ်စက်အနားယူချိန်မှာလည်း iManager က သင်၏ဖုန်းကို ကောင်းမွန်စွာ ထားရှိပေးမှာပါ။

You may also like

Y1s(2GB+32GB)

Ks 169,800

Y50

Ks 349,800
Ks 319,800

Y30(4GB RAM + 64GB ROM)

Ks 279,800
Ks 249,800

Y30(4/128)GB

Ks 309,800

Y20(3GB+64GB)

Ks 229,800
Ks 249,800

Y11

Ks 179,800
Ks 169,800

Recently viewed

© 2021 Mogozay Marketplace