Y11 Mineral Blue

Product ID: vivo1906
Ks 169,800
Ks 179,800

Android OS - Funtouch OS 9 (Based on Android 9.0) Processor - Qualcomm SDM439 Snapdragon 439 (12 nm) Memory - 3GB RAM + 32GB ROM, SD Card up to 256GB Screen - 6.35inches (HaloFullViewTM Display) Rear Camera - 13MP, 2MP (AI Dual Camera) Camera Front - 8MP (F/1.8) Network - 4G/3G Battery - 5000 mAh Weight -180g Security - Face Access & Fingerprint Unlocking Color - Mineral Blue, Aagate Red

Checking stock...

6.35 လက်မ Halo FullView™ Display
6.35 လက်မရှိတဲ့ Halo FullView™ Display နဲ့ ပြုလုပ်ထားတဲ့ Y11 မှာ ဘေးဘောင်တွေကို ကျဉ်းမြောင်းစေဖို့ အသေးစိတ် ပုံဖော်ဖန်တီးထားပါတယ်။ ပြီးပြည့်စုံတဲ့ ဘေးဘောင်အနားတွေကို အတိုင်းအစမရှိ မြင်တွေ့ရမှာ ဖြစ်တဲ့အတွက် flagship-standard ရှိတဲ့ ဖုန်းတစ်လုံးကို ကိုင်ဆောင်ရသလို ခံစားရစေမှာ ဖြစ်ပါတယ်။

ညို့ယူဖမ်းစားနိုင်တဲ့ မျက်လှည့်ဆန်ဆန် အရောင်ပြေး
ကျောက်မျက် အရိုင်းတုံးရဲ့ ရောင်ပြန်ထင်ဟပ်မှုကို ခံစား ပုံဖော်ထားပြီး အဆင့်မြင့် အရောင်ထုတ်လုပ်မှု နည်းပညာနဲ့ အသေးစိတ် ဖန်တီးထားတဲ့အတွက် ဖုန်းနောက်ကျောဘက်ခြမ်းရဲ့ ရှုထောင့်တစ်ခုချင်းစီတိုင်းမှာ ခေတ်မီလှပတဲ့ အရောင်ပြေးကို ခံစားရရှိစေမှာ ဖြစ်ပြီး မှော်ဆန်ဆန် လှပတဲ့ အရောင်ကိုလည်း တွေ့မြင်နိုင်မှာပါ။

AI Dual Camera
Y11 မှာ အရှေ့ကင်မရာ နှစ်လုံး ပါဝင်လာပြီး 13MP Main Camera နဲ့ 2MP Depth Camera တို့ ပါဝင်ပါတယ်။ လှပလွန်းတဲ့ ရှုခင်းပုံတွေကစလို့ လှပတဲ့ portrait ဓာတ်ပုံတွေအထိ အံ့သြမင်သက်ဖွယ် ပုံတွေကို အတိုင်းအဆမရှိ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။

AI Face Beauty
သဘာဝဆန်ဆန် selfie
Vivo ရဲ့ အရှေ့ကင်မရာ 8MP မှာ ပါဝင်တဲ့ AI Face Beauty အသစ်က တိကျပြတ်သားပြီး သင့်ရဲ့ မျက်နှာအလှတရားတွက် သီးသန့်ပါဝင်တဲ့ နည်းပညာတွေနဲ့ ပိုမို လှပနေစေမှာပါ။ Selfie ပုံတွေဟာ ဘယ်တုန်းကမှ ကြည်လင်ပြတ်သားမှုမှာ အသေးစိတ်ကျကျ မရှိခဲ့ပါဘူး။ မူးမေ့လဲသွားစေတဲ့အထိ ကြည်လင်နေတာမျိုးပေါ့။

5000mAh Battery
အဆုံးစွန်အထိ ခံတဲ့ ဘက်ထရီစွမ်းအား
စွမ်းအားမြင့် 5000mAh ဘက်ထရီက Vivo ရဲ့ အဆင့်မြင့် စွမ်းအား ထိန်းသိမ်းမှုစနစ်နဲ့ တပ်ဆင်ထားတဲ့အတွက် ဘက်ထရီ ကုန်သွားမှာတော့ စိတ်မပူပါနဲ့။ စိတ်ရှိသလောက် ဖုန်းကို အကြာကြီး အသုံးပြုလိုက်ပါ။

Face Access နှင့် လက်ဗွေရာစနစ် Unlocking
Y11 မှာ ဖုန်းကို အလွယ်တကူ ဖွင့်နိုင်ဖို့အတွက် လက်ဗွေရာစနစ် ဆင်ဆာကို တပ်ဆင်ပေးထားပါတယ်။ သင့်ရဲ့ ဖုန်းကို လုံခြုံမှုရှိရှိနဲ့ အချောမွေ့ဆုံး Unlock လုပ်လိုက်ပါ။ ဖုန်းမျက်နှာပြင် ပွင့်လာတဲ့အချိန် Y11 က လူ မျက်နှာပြင်ပုံစံရဲ့ 1024 ရှုထောင့်ကို လျင်လျင်မြန်မြန် ရှာဖွေနိုင်ပြီး တိကျသေချာစွာ တွဲစပ်ပေးနိုင်ပါသည်။ မျက်တောင်လေး တစ်ချက်ခတ်ရုံနဲ့ Unlock လုပ်နိုင်တဲ့အတွက် သင့်မျက်နှာကို အလွယ်တကူ ဖတ်နိုင်တဲ့ အတွေ့အကြုံသစ်ကို ရရှိပိုင်ဆိုင်နိုင်မှာပါ။

အချောမွေ့ဆုံး အတွေ့အကြုံ
Y11 က 12nm octa-core processor နဲ့ 1.95GHz အမြန်နှုန်းရှိပြီး 3GB RAM နဲ့ 32GB သိုလှောင်နိုင်စွမ်း ပါဝင်ပါတယ်။ အထူးပြုလုပ်ထားတဲ့ Android 9 ကို အခြေခံထားတဲ့ Vivo ရဲ့ Funtouch OS 9.1 ကလည်း အမြန်နှုန်း မြှင်တင်ပေးပါသေးတယ်။ Y11 နဲ့ ဆိုရင်တော့ အရာရာတိုင်းကို အလွယ်တကူ ဖြေရှင်းနိုင်မှာပါ။

အချောမွေ့ဆုံး ဂိမ်းစနစ်
Y11 မှာ ပါဝင်တဲ့ Game Mode က ပျော်ရွှင်ဖွယ်ရာ ဂိမ်းကစားတဲ့ အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်ပါတယ်။ Competition Mode ကို အသုံးပြုပြီး e-sports ကို pro တစ်ယောက်လို ကစားနိုင်ဖို့အတွက် ထည့်သွင်းထားတဲ့ စနစ်တွေက ဂိမ်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ပါတယ်။ ဂိမ်းမာတွေရဲ့ လိုအပ်ချက်ဖြစ်တဲ့ အမြန်နှုန်းကို မြှင့်တင်ပေးဖို့ Multi-Turbo က lightning-fast လုပ်ဆောင်ချက်အဖြစ် လုပ်ဆောင်ပေးပါတယ်။ Frame-drop ကိုလည်းလျှော့ချထားတဲ့အတွက် ပိုပြီး ချောမွတ်ပြေပြစ်တဲ့ ဂိမ်းအတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။

App Clone
သင့်ရဲ့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကို သိမ်းထားဖို့ အရေးကြီးတယ်ဆိုရင် App Clone ကို ယုံကြည်လိုက်ပါ။ App Clone က သင့်ရဲ့ အကြိုက်ဆုံး လူမှုကွန်ယက် အက်ပလီကေးရှင်းတွေဖြစ်တဲ့ BBM, WhatsApp, Line, WeChat, Facebook, Instagram နဲ့ Zalo တို့လို အက်ပလီကေးရှင်းတွေကို တစ်ထေရာတည်း ပုံတူယူထားပေးပါတယ်။ ဒါဆို account ၂ ခုကို ဖုန်းတစ်ခုထဲမှာ အသုံးပြုနိုင်ပြီပေါ့။

Smart Split
ရိုးရှင်းတဲ့ လက်ချောင်း ၃ ချောင်းလေးနဲ့ တစ်ချက်ဆွဲရုံနဲ့ 6.35 မျက်နှာပြင်ကို ၂ ခု ခွဲပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ သူငယ်ချင်းများနဲ့ chat နေတဲ့ တစ်ချိန်တည်းမှာပဲ video တွေလည်း ကြည့်ရှုနိုင်ပြီဆိုတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးဆိုတာတွေကို ရရှိနိုင်ပြီပေါ့။
(လက်ရှိတွင် Facebook, Line, Messages, Viber, WeChat, WhatsApp, BBM, Play Movies & TV, YouTube, Video, MX Player, VLC for Android, Google Maps, WPS Office, Microsoft Word, Microsoft Excel, Chrome, Gmail, စသည့် အက်ပလီကေးရှင်းများကိုသာ ထောက်ပံ့ပေးပါသည်။)

Android OS - Funtouch OS 9 (Based on Android 9.0)
Processor - Qualcomm SDM439 Snapdragon 439 (12 nm)
Memory - 3GB RAM + 32GB ROM, SD Card up to 256GB
Screen - 6.35inches (HaloFullViewTM Display)
Rear Camera - 13MP, 2MP (AI Dual Camera)
Camera Front - 8MP (F/1.8)
Network - 4G/3G
Battery - 5000 mAh
Weight -180g
Security - Face Access & Fingerprint Unlocking
Color - Mineral Blue, Aagate Red

You may also like

Recently viewed

© 2021 Mogozay Marketplace