V20 Midnight Jazz

Product ID: V2025
Ks 499,800

V20 Specifications Android OS - Andriod 11 (Funtouch OS 11)                                         Processor - 8nm Octa-core Qualcomm Snapdragon 720G Dimensions - 161.30 x 74.20 x 7.38mm                                                    Storage -8GB RAM + 128GB ROM Screen - 6.44-inch FHD+ (AMOLED Display) Camera Front - 44MP AF                                                                    Rear Camera - 64MP AF + 8MP AF(Wide-Angle/Macro/Boken)+2MP(Mono)                                                      Battery - 4000 mAh(TYP) Weight - 171g Connectivity - Type-C, Wi-Fi2.4GHz/5GHz, Bluetooth 5.1, OTG Location - GPS, Beidou, Galileo, GLONASS                                                       Color - Midnight Jazz, Sunset Melody

Checking stock...

စစ်မှန်သော အရောင်ကာလာများ AMOLED Display

၆.၄၄ လက်မအရွယ် AMOLED FHD+*ဟာ သက်၀င်လှပပြီး စစ်မှန်တဲ့အရောင်တွေကို သင့်ဘ၀ထဲဆောင်ယူလာပေးမှာပါ။

20:9, 408ppi, Contrast 2000000:1, HDR 10, TYP 430 nits, HBM 500 nits

ပိုကောင်းသော၊ ပိုခေတ်မီသော

7.38mm Ultra Sleek AG Design

မင်သက်ဖွယ်ကောင်းသော ပေါ့ပါးမူ အံ့သြဖွယ်ကောင်းလွန်းတဲ့ ပါးလွာမှု စံပြလက်ရာအသစ်ဟာ အကောင်းဆုံးအရည်အသွေမြင့် ဒီဇိုင်းပဲဖြစ်ပါတယ်။

2.5D ကိုယ်ထည်၊ 7.38မီလီမီတာ Ultra Sleek ဒီဇိုင်းနဲ့ 171 garmအလေးချိန်တွေဟာ မေ့မရနိုင်လောက်တဲ့ ပေါ့ပေါ့ပါးပါးကိုင်ဆောင်မှုတစ်ခုလို တင်စားဖော်ပြရမှာပါ။ AG Matte Glass ကထင်ရှားတဲ့ ဇိမ်ခံပစ္စည်းတစ်ခုလိုကို သိသိသာသာ ထပ်မံပံ့ပိုးပေးပြီး သက်တောင့်သက်တာရှိစွာ ကိုင်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်။ ဓာတုဗေဒဆိုင်ရာ ဖြတ်တောက်ဖန်တီးမှုက မျက်နှာပြင်ကို ပိုမိုသန့်စင်ပေးခြင်းနဲ့ နွေးထွေးမှုရှိစေပြီး ပွန်းရာခြစ်ရာများကို ခံနိုင်ရည်ရှိစေမှာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ ပြောရရင် AF ဖြင့် ဖုံးအုပ်ထားခြင်းက ဖုန်းရဲ့မျက်နှာပြင်ပေါ်က လက်ဗွေရာကို ကာကွယ်ပေးသေးတယ်ဆိုတာပါပဲ။

33W FlashCharge လျှပ်တစ်ပြတ်အတွင်း အားပြန်ဖြည့်နိုင်ခြင်း

33W FlashCharge* သင့်ရဲ့လက်ဖက်ရည်သောက်အနားယူချိန် မိနစ်(၃၀)အတွင်းမှာပဲ သင့်ဘက်ထရီကို ၆၅% အထိ ဖြည့်ပေးနိုင်ပါတယ်။ နောက်ထပ်ဆိုရရင် ကြီးမားတဲ့ ဘက်ထရီပမာဏ 4000mAh(TYP) က စိတ်၀င်စားဖွယ်ရာ အရာအားလုံးကို လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ ဓာတ်ပုံရိုက်ခြင်းနဲ့ ဒရမ်မာဇာတ်လမ်းတွေ ကြည့်တာကစလို့ သီချင်းနားထောင်ခြင်းနဲ့ ဂိမ်းကစားတာတွေအထိပါ၀င်ပါတယ်။

Qualcomm Snapdragon 720G (8GB RAM + 128GB ROM)

8nm Octa-core Qualcomm Snapdragon 720G Platform က စွမ်းအင်သုံးစွဲမှု နည်းပါပြီး စွမ်းဆောင်ရည်များစွာ ပေါင်းစပ်ပါ၀င်မှုနဲ့အတူ မထင်မှတ်ထားလောက်အောင် အံ့သြဖွယ် လုပ်ဆောင်ပေးနိုင်ပါတယ်။ 8GB RAM ဟာ တစ်ချိန်တည်းမှာ Application များစွာကို ထိထိရောက်‌ရောက် လည်ပတ်လုပ်ဆောင်စေပြီး 128GB ROM ကတော့ သင့်ရဲ့ ကြီးမားတဲ့ဂိမ်းများနဲ့ ဗီဒီယိုများကို အလုံအလောက် သိမ်းဆည်းသိုလှောင်ပေးထားနိုင်မှာဖြစ်ပါတယ်။

CPU: + 20%MT, +44%ST; GPU: +14%; AIE Performance: + 115%

Funtouch OS 11 & based on Android 11 စူးစမ်းရှာဖွေခြင်းရဲ့အလွန်

Funtouch OS 11 ( Android 11ကိုအခြေခံသည်)ဟာ သုံးစွဲသူများကို ပိုမိုလွယ်ကူစွာအပြန်အလှန်ဆက်သွယ်နိုင်စေဖို့အတွက် အနည်းဆုံးအသုံးပြဒသူ တစ်‌ယောက်အဖြစ် ရိုးရှင်းစွာဖော်ပြထားပါသည်။

64MP သာလွန်ထူခြားသော နောက်ဓာတ်ပုံ အနုစိတ်အသေးစိတ် ကမ္ဘာကြီးတစ်ခု

မင်သက်ရလောက်တဲ့ 64MP နဲ့ အနောက်ပင်မ ကင်မရာဟာ အတန်သင့်ချုံ့ချဲ့ပြီးရင်တောင် ပြတ်သားရှင်းလင်းစွာ ရှိနေသေးတဲ့ သက်၀င်လှုပ်ရှားမှုအပြည့်နဲ့ အသေးစိတ်ကျမှုတွေကို ဖော်ပြနေတာပါပဲ။ ပံ့ပိုးပေးထားတဲ့ အနောက်ကင်မရာတွေက မြင်ကွင်းကျယ် ရှု့ထောင့်တွေ၊ Super Macro, Bokeh နဲ့ black & white film effects များကိုလည်း ဖန်တီးပေးနိုင်ပါတယ်။

Super Wide_Angle & Macro

V20 ဟာ 120* အထူးမြင်ကွင်းကျယ်နှင့် 2.5cm ရှိတဲ့ အသေးငယ်ဆုံးကမ္ဘာအထိ ကြည့်နိုင်အောင် တွေ့ကြုံခံစားစေမှာပါ။

ညကိုပြန်ပြောင်းတွေးကြည့်ပါ Super Night Mode

သင့်ရဲ့ ညနေခင်း ဓာတ်ပုံဖန်တီခြင်း အနုပညာကို အသစ်တီထွင်လိုက်ပါ။ Super Night Mode က ပိုမိုကျယ်ပြန့်တဲ့ ရှု့ထောင့်များကို ထည့်သွင်းပေးပြီး အထူးပြုလုပ်ချက်များက အမှောင်ထုရဲ့ ၀ှက်ထားတဲ့ အရိပ်တွေကိုပင် မြင်တွေ့ရစေပါတယ်။ ကျွန်ုပ်တို့ရဲ့ Tripod Night Mode အသစ်ဟာ ညအလှကို ပြစ်မျိုးမဖွဲ့နိုင်စေဖို့ ငြိမ်သက်မှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။

Dual-View Video သင့်ရဲ့ဖန်တီးတီးနိုင်စွမ်းကို နှစ်ဆမြှင့်တင်လိုက်ပါ။

ရှေ့ကင်မရာ နောက်ကင်မရာကို တစ်ချိန်တည်းမှာ မှတ်တမ်းတင်ဖန်တီးရင်း သင့်ရဲ့ဖန်တီးမှုစွမ်းရည်ကို နှစ်ဆမြှင့်တင်လိုက်ပါ။ ဘယ်လောက်တောင် ပျော်စရာ‌ကောင်းလဲဆိုတာ သင်အံ့သြမင်သက်စွာ တွေ့မြင်ရပါလိမ့်မည်။ သင်ရဲ့တီထွင်မှုတွေကို ကြည့်ရှု့ဖို့ Mode (၂)မျိုးရှိပါတယ်။ Picture-in-Picture နဲ့ Dual View ပဲဖြစ်ပါတယ်။

Motion Autofocus

ပြေးလွှားနေတဲ့ အိမ်မွေးတိရစ္ဆာန်လေးတစ်ကောင်(သို့မဟုတ်) ရွေ့လျားနေတဲ့ စက်ဘီးကို အာရုံစူးစိုက်ဖို့ အခက်အခဲဖြစ်နေတာလား?။ အခုဆို ဘယ်အရာကိုမဆို၊ ဘယ်သူ့ကိုမဆို နှစ်ချက်ထိလိုက်တာနဲ့ Motion Auto Focus က တိကျပြတ်သားပြီး Foucs အပြည့်နဲ့ တောက်လျှောက် ခြေရာခံလုပ်ဆောင်ပေးမှာပါ။

44MP Eye Autofocus သင်လိုချင်တဲ့ တိကျမှုနှင့် ပြတ်သားမှု

အတိမ်အနက်နှင့် အရောင်ကာလာပြည့်၀တဲ့ Portrait ပုံလှလှလေးတွေ ဖန်တီးခံစားမယ်။ သာလွန်ထူးခြားတဲ့ HDပင်မ ရှေ့ကင်မရာ ရှုပ်ထွေးလွန်းတဲ့ အသေးစိတ်အရောင်လေးတွေကို ဖမ်းယူရိုက်ကူးပေးနိုင်သလို ချုံ့ချဲ့ (Zooming)ကို ပုံမှန်ထက် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

vivo V Series မှ AF ကို အသုံးပြုထားတာ ဒါပထမဆုံးပါပဲ။ AFဆိုတာဘာလဲ? AFဆိုတာ Focus Lens ကို အလိုအလျောက် ချိန်ဆပေးနိုင် ခြင်း ဖြစ်ပါတယ်။ AF ပါ၀င်သည့် ပင်မကင်မရာက ၁၅စင်တီမီတာမှ အဆုံးမဲ့အထိ တိကျပြတ်သားမှုအရှိဆုံးနှင့် Focus အပြည့်ရိုက်ကူးနိုင်မှာပါ။ သင်အနီးကပ် ရိုက်ကူးနေတာဖြစ်ဖြစ်၊ Selfie Stick ၏ အကူအညီနှင့် ရိုက်တာဖြစ်ဖြစ်၊ ဒီထက်ပို‌‌‌ေ၀းကွာတဲ့ နေရာတွေက ရိုက်တာပဲဖြစ်ဖြစ် ပြိုင်ဘက်ကင်းတဲ့ ကြည်လင်ပြတ်သားမှုက စောင့်ကြိုနေမှာဖြစ်ပါတယ်။

Eye Autofocus ဟာ သင့်မျက်လုံးတွေကို သူတို့ဘယ်ကိုသွားသွား၊ ဒါမှမဟုတ် ဘယ်လိုခံစားချက်တွေရှိနေနေ အလိုအလျောက် လိုက်ပါနေမှာဖြစ်ပါတယ်။ အနီး၊ အ‌ေ၀းတွေ ပြောင်းလဲသွားလည်း သူကတော့ နောက်ကလိုက်နေမှာပါ။ ဒီတော့ အကောင်းဆုံးအခိုက်အတန်တွေကို မှတ်တမ်းတင်ရိုက်ကူးဖို့ ကင်မရာကို လိုက်ကြည့်နေစရာမလိုတော့ဘူးပေါ့။ ဒီကင်မရာက အရာရာကို လုပ်ဆောင်ပေးနေချိန်မှာ မိနစ် တစ်မိနစ်စီတိုင်းကို ပျော်ရွှင်စွာခံစားလိုက်ပါ။

4K Selfie Video

အံ့သြဖွယ်ကောင်းလောက်အောင်မိုက်တဲ့ 4K Resolution ရယ်၊ Eye Autofocus နဲ့ ဆန်းပြားထူးခြားတဲ့ ကိုယ်ပိုင်ဗီဒီယိုများကို စိတ်ရှိသလို ဖန်တီးလိုက်ပါ။ ရှင်းလင်းပြတ်သားလွန်းတဲ့ HD အသေးစိတ်ကျမှုတွေက သင့်ကို သိသာထင်ရှားနေစေမှာဖြစ်ပါတယ်။ ပိုမိုလင်းလက်တောက်ပတဲ့ Effect တွေ အတွက်တော့ အစွမ်းထက်တဲ့ တည်းဖြတ်ကိရိယာအစုံကိုသာ စမ်းသုံးကြည့်လိုက်ပါ။

ပြောင်းလဲတက်သောကောင်းကင်

သင့်ရဲ့ဓာတ်ပုံ၊ သင့်ရဲ့စည်းမျဥ်း၊ မိုးရွာရာကနေ တောက်ပတဲ့နေရောင်ခြည် ရရှိလိုက်တာကိုပဲဖြစ်ဖြစ်၊ နေပူရာကနေ မိုးရွာသွားတာပဲဖြစ်ဖြစ် စိတ်ရှိသလို ကောင်းကင်ကြီးကို ပြောင်းလဲပစ်လိုက်လို့ ရပါတယ်။ ဒါမှမဟုတ် လိုင်းလေးတွေတောက်လျှောက် ရွေ့လျားလှုပ်ရှားနေတဲ့ နောက်ခံလေးတွေက ငြိမ်သက်နေတဲ့ ပုံလေးတွေအဖြစ် ထည့်လိုက်တာမျိုး လုပ်လို့ရပါတယ်။

Memory Recaller

အချိန်တွေကို နောက်ပြန်လှည့်တဲ့ချိန် ကြာလွန်းပြီးကုန်ဆုံးသွားတဲ့ အခိုက်အတန့်တွေကို သင့်ရဲ့ဘ၀မှာ အပြည့်အ၀ပြန်လည် အသက်သွင်းလိုက်ရအောင်။ Memory Recaller ဟာ မှုန်၀ါးနေတဲ့ ဓာတ်ပုံအဟောင်းတွေကို ကြည်လင်တဲ့ အရည်အသွေးမျိုးရရှိအောင် ချက်ချင်းလုပ်ဆောင်ပေးနိုင်ပါတယ်။ နောက်ထပ်ပြောရရင် သူရဲ့ Smart Colour Toolက အရောင်အားပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးနိုင်မှာပါ။

V20 Specifications
Android OS - Andriod 11 (Funtouch OS 11)                                        
Processor - 8nm Octa-core Qualcomm Snapdragon 720G
Dimensions - 161.30 x 74.20 x 7.38mm                                                   
Storage -8GB RAM + 128GB ROM
Screen - 6.44-inch FHD+ (AMOLED Display)
Camera Front - 44MP AF                                                                   
Rear Camera - 64MP AF + 8MP AF(Wide-Angle/Macro/Boken)+2MP(Mono)                                                     
Battery - 4000 mAh(TYP)
Weight - 171g
Connectivity - Type-C, Wi-Fi2.4GHz/5GHz, Bluetooth 5.1, OTG
Location - GPS, Beidou, Galileo, GLONASS                                                      
Color - Midnight Jazz, Sunset Melody

You may also like

Y1s(2GB+32GB)

Ks 169,800

Y50

Ks 349,800
Ks 319,800

Y30(4GB RAM + 64GB ROM)

Ks 279,800
Ks 249,800

Y30(4/128)GB

Ks 309,800

Y20(3GB+64GB)

Ks 229,800
Ks 249,800

Y11

Ks 179,800
Ks 169,800

Recently viewed

© 2021 Mogozay Marketplace