V19 Gleam Black

Product ID: vivo 1933
Ks 429,800
Ks 529,800

Android OS - Andriod 10 (Funtouch OS 10)                                         Processor - Qualcomm Snapdragon 712 Octacore 2.3GHz(10nm) Dimensions - 159.64 x 75.04 x 8.5mm                                                       Memory -8GB RAM + 128GB ROM, SD Card up to 256GB Screen - 6.44-inch FHD+ (Super AMOLED Display) Camera Front - 32MP + 8MP                                                                       Rear Camera - 48MP + 8MP + 2MP + 2MP                                                       Battery - 4100 mAh(TYP) Weight - 186.5g Connectivity - Type-C, Wi-Fi2.4GHz/5GHz, Bluetooth 4.0/5.0,OTG Location - GPS, Beidou, Galileo, GLONASS                                                       Color - Gleam Black, Sleek Sliver

Checking stock...

Super AMOLED Dual iView Display
6.44 လက်မရှိ နောက်ဆုံးပေါ် E3 OLED နဲ့ပြုလုပ်ထားတဲ့ Super AMOLED FHD+ iView Display က အံ့သြမှင်သက်စရာကောင်းလွန်းလှပါတယ်။ မြူးကြွလှပတဲ့ အရောင်က ၁၀၀%  DCI-P3 အရောင်ကနေ ဆင်းသက်လာတာပဲဖြစ်ပါတယ်။ သင့်ရဲ့ဖုန်းမျက်နှာပြင် အလင်းအမှောင်ကို သင့်ရဲ့ပတ်ဝန်းကျင်အလင်းအမှောင်နဲ့ ကိုက်ညီမှုရှိစေဖို့Auto-adjusts လုပ်ဆောင်လိုက်ပါ။ TUV Rheinland Eye Comfort 3 အသိအမှတ်ပြုလက်မှတ်ရရှိထားလို့ သင့်ရဲ့မျက်လုံးကို သက်တောင့်သက်သာဖြစ်စေပြီး ပုံမှန် E2 OLED ထက် 42%မျက်လုံးထိခိုက်စေခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ပြီးပြည့်စုံတဲ့ အသေးစိတ်မှု

V19 က သင်ရဲ့လက်အတွင်းမှာ ပြီးပြည့်စုံစွာ အသင့်တော်ဆုံးဖြစ်နေစေမှာပါ။ လူကြိုက်များတဲ့ 3Dအကွေးလေးတွေကို ပုံဖော်ထားတဲ့အတွက် သက်တောင့်သက်သာဖြစ်စေမှာဖြစ်ပြီး အရည်သွေးမြင့် ဖန်သားက စတိုင်ကျ လှပခန့်ညားတဲ့အသွင်ပြင်ကို ပေးစွမ်းနိုင်ပါတယ်။ Gleam Black က ကျက်သရေရှိ ခန့်ညားလှပတဲ့အသွင်ကို ဖော်ဆောင်ပေးပြီး Sleek Sliver က တောက်ပလွန်းတဲ့ မှော်ဆန်ဆန်အလှကို ပေးစွမ်းနိုင်ပါတယ်။
၁၀၅ ဒီဂရီအထူးမြင်ကွင်းကျယ် Selfie အလှအပတွေကို ပိုမိုဖော်ထုတ်လိုက်ပါ
ပရိုဆန်ဆန်အထူးမြင်ကွင်းကျယ်ကင်မရာက သင့်ရဲ့ Selfie ဓာတ်ပုံကို 25.6ဒီဂရီ ချဲ့ထွင်ပေးနိုင်ပါတယ်။ AI algorithm portrait အရှေ့မြင်ကွင်းနဲ့ အနောက်မြင်ကွင်းကြားက မြင်ကွင်းကျယ်အမှန်ကို ရရှိစေတဲ့အတွက် စစ်မှန်ပြီး မျက်စိကျိန်းလောက်စေတဲ့ ဓာတ်ပုံတွေကို ရရှိနိုင်ပြီပေါ့။
Lens angle မှာ ၁၀၅ ဒီဂရီဖြစ်သည်။ အမှန်တကယ်ပုံများနှင့် Video များ၏ ရှုထောင့်မှာ အချိုးအကွေးများကြောင့် အနည်းငယ်သေးနိုင်သည်။
32MP Dual Front Camera, မယုံနိုင်လောက်စရာ လှပလွန်းတဲ့ Selfies
32MPပင်မကင်မရာအပြင် 8MP အထူးမြင်ကွင်းကျယ် ကင်မရာပါ တပ်ဆင်ထားပါသေးတယ်။
Super Night Selfie ညအမှောင်ရဲ့ဆွဲဆောင်မှု
ညအမှောင်မှာ သင့်ရဲ့လှပလွန်းတဲ့ selfie ကို အဆင့်မြင့် AI Night Selfie နဲ့ Face Beauty Algorithms ဖြင့် ဖန်တီးလိုက်ပါ။ မြို့ပြရဲ့ ကောင်းကင်အရောင်အောက်ကနေ မြို့နဲ့ ဝေးရာ နယ်မြို့လေးတွေအထိ ဘယ်လောက်ပဲ အမှောင်ထုက စိုးမိုးနေပါစေ၊ Selfie အလှပဆုံး ပုံတွေကို ရရှိနိုင်ပြီပေါ့။
Art Portrait Video သင်ကိုယ်သင် Vlogger တစ်ယောက်အဖြစ်
သင့်မှာရှိတဲ့Content တွေကို ဖန်တီးဖွင့်ထုတ်လိုက်ပါ။ နောက်ခံတွေကနေ အရာဝတ္တုတွေကို ခွဲထုတ်လိုက်ခြင်းဖြင့် မူလသဘာဝအရောင်နဲ့ အတိမ်အနက်အတိုင်းရှိစေမှာဖြစ်ပြီး Monochrome ကိုရရှိစေမှာဖြစ်ပါတယ်။ Vlogger တိုင်းတောင့် တနေတဲ့ အနုပညာကိုဖန်တီးစေနိုင်မှာပါ။
Aura Screen Light သင့်ရဲ့အလှအပကို မြှင့်တင်လိုက်ပါ။
အလင်းရောင် လိုအပ်တဲ့ အခြေအနေမှာတောင် စတူဒီယိုစတိုင် တောက်ပတဲ့ အလင်းကို ခံစားလိုက်ပါ။
*ရိုက်နေစဉ်အတွင်း Preview ကြည့်ရှုနိုင်ပါသည်။
48MP AI Quad Camera ရိုက်ချက်တိုင်းမှာ ပရိုတစ်ယောက်အဖြစ်ရပ်တည်လိုက်ပါ။
ထူးခြားလှပတဲ့ အမှတ်တရတွေကို အလွတ်မခံလိုက်ပါနဲ့နော်။ 48MP ပင်မကင်မရာ၊ 8MP အထူးမြင်ကွင်းကျယ်ကင်မရာ၊ 2MP Macro ကင်မရာ၊ 2MP Boken ကင်မရာ တို့နဲ့ အလှပဆုံးရိုက်ကူးလိုက်ပါ။ 48MP AI Quad Camera က ဘဝရဲ့ အလှပဆုံးအချိန်တွေကို စတိုင်ကျကျ ဖမ်းယူပေးမှာပါ။
* အနောက်ကင်မရာတွင် Art Portrait Video Art Portraitအစရှိသည်တို့ပါဝင်သည်။

Super Night Portrait အမှောင်ထုကို ဖြတ်တောက် လင်းလက်လိုက်ပါ။
Super Night Portraits မှာ AI Boost ပါနေပြီနော်။ Exposure မျိုးစုံမှာ Fame တွေကို ရုတ်တရက်ရိုက်ယူနိုင်ပြီး နောက်ဆုံးမှာ ပြည့်စုံတဲ့အလင်းနဲ့ ကြည်လင်ပြတ်သားမှု ပေါင်းစပ်ထားတဲ့ ရလာဒ်တစ်ခု ဖန်တီးပေးမှာဖြစ်ပါတယ်။ အခြားသူတွေညအမှောင်မှာ ပုံကောင်းကောင်းမရမှာ စိုးရိမ်ပြီး ဓာတ်ပုံရိုက်ဖို့ ရှက်နေတယ်ဆိုရင် သင်ကတော့ V19 နဲ့ အလှဆုံးရိုက်ယူနိုင်ပြီပေါ့။
Ultra Stable Video (Selfie & Rear) ယိမ်းယိုင်မှုမရှိ အမှတ်တရအချိန်များ
EIS နည်းပညာကြောင့် သင်ရဲ့ Video တွ့အကြုံတွေ ပြောင်းလဲသွားမှာပါ။ Outdoor မှာ စိတ်လှုပ်ရှားစရာတွေ ရိုက်ကူးသည်ဖြစ်စေ(သို့) Indoor မှာပဲ ပျော်ရွှင်စရာတွေ ရိုက်ကူးသည်ဖြစ်စေ V19 က တည်ငြိမ်ပြီး ကြည်လင်ပြတ်သားတဲ့Video တွေကို ရိုက်ကူးနိုင်ပြီး သင့်ရဲ့လှပလွန်းတဲ့ အမှတ်တရအချိန်တွေကို ပြန်ကြည့်တိုင်းမှာ အသက်ဝင်လှုပ်ရှားနေစေမှာပါ။

33W vivo FlashCharge 2.0&4500mAh
33W vivo FlashCharge 2.0 နည်းပညာက 0% ကနေ 54% ကိုမိနစ် (၃၀)အတွင်း အလျင်အမြန် အားဖြည့်ပေးစေနိုင်ပါတယ်။ ဒါတင်ပဲလား။ 4500mAh Super Capacity batteryကလည်း သင့်စိတ်ကြိုက် အသုံးပြုနိုင်လောက်တဲ့အထိ ကြာရှည်ခံစေမှာဖြစ်ပါတယ်။

Qualcomm Smapdragon 712 8GB + 128GB 
Qualcomm Snapdragon Octa-Core 712 Processor က အကောင်းဆုံးပါဝါနဲ့ အချောမွေ့ဆုံး လုပ်ဆောင်ချက်ကို စွမ်းဆောင်ပေးနိုင်ပါတယ်။ 8GB RAM နဲ့ 128GB ROM က သင်အလုပ်လုပ်နေသည့်အချိန်၊ အနားယူသည့်အချိန်နှင့် ကစားသည့်အချိန်အတွင်း သင်ဘယ်အရာကိုမဆို သိုလှောင်ထားဖို့ ဖော်ဆောင်ပေးပါလိမ့်မယ်။

Multi-Turbo 3.0
သင့်ရဲ့ အရှိန်နှုန်းကို မြှင့်တင်စေဖို့ ART ++ Turboရဲ့ လျင်မြန်မှု အတွေ့အကြုံကို ရယူလိုက်ပါ။ Game Turbo ကပိုမိုမြန်ဆန်ပြီး ပိုမိုခံစားလွယ်တဲ့ ထိန်းချုပ်မှုစနစ်ကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် Center Turbo အစီအစဉ် လုပ်ဆောင်ချက်စနစ်ကိုလည်း တိုးမြှင့်ပေးပါတယ်။ ဒါဆိုရင် Mainstream game တွေကို ရပ်တန့်မသွားစေဘဲFPS stability ရဲ့ ကောင်းကျိုးတွေကို ခံစားလိုက်ပါ။

Video နဲ့ Voice Call တွေကို ဖျက်ပေးနိုင်တဲ့ AI Noise Cancelling
ကျယ်လောင်တဲ့အနေအထားတွေကြောင့် အနှောက်အယှက် မဖြစ်စေတော့ပါဘူး။Intelligent voice detection က နောက်ခံက ဆူညံသံတွေကို လျော့ချပေးနိုင်ပြီဆိုတော့ သင့်ရဲ့အသံနဲ့အခြား video chatsတွေမှာ အချင်းချင်းအသံကို ကြည်ကြည်လင်လင်ကြားရပြီပေါ့။
*သတ်မှတ်ထားသော application များတွင်သာ ရရှိနိုင်ပါသည်။

Ultra Game Mode
အထူးမြှင့်တင်ထားတဲ့ Ultra Game Mode က လျင်လျင်မြန်မြန် ဓာတ်ပုံရိုက်ယူနိုင်တာတွေနဲ့ Screen မှတ်တမ်းတင်မှုတွေစတဲ့ ပျော်ရွှင်စရာ Feature တွေကို ရရှိနိုင်စေမှာပါ။ သင့်စိတ်ကြိုက် Game Vibration, Voice Changer နဲ့ Killer Countdown စတဲ့ Features တွေလည်း Upgrade လုပ်ထားပြီးပြီနော်။

  • Android OS - Andriod 10 (Funtouch OS 10)                                        
  • Processor - Qualcomm Snapdragon 712 Octacore 2.3GHz(10nm)
  • Dimensions - 159.64 x 75.04 x 8.5mm                                                      
  • Memory -8GB RAM + 128GB ROM, SD Card up to 256GB
  • Screen - 6.44-inch FHD+ (Super AMOLED Display)
  • Camera Front - 32MP + 8MP                                                                      
  • Rear Camera - 48MP + 8MP + 2MP + 2MP                                                      
  • Battery - 4500 mAh(TYP)
  • Weight - 186.5g
  • Connectivity - Type-C, Wi-Fi2.4GHz/5GHz, Bluetooth 4.0/5.0,OTG
  • Location - GPS, Beidou, Galileo, GLONASS                                                      
  • Color - Gleam Black, Sleek Sliver

You may also like

Recently viewed

© 2021 Mogozay Marketplace